(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

နမ့်ခမ်း စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်ခမ်းရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ ယနေ့နံနက် (၉)နာရီက နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံ၌ စုပေါင်း၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့သွေးလှူဒါန်းရာတွင် နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်ဇင်ဦး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်/မိသားစု စုစုပေါင်း(၁၀)ဦးတို့က  ဆေးရုံကြီးတွင် ဆေးကုသခံယူ လျှက်ရှိကြသည့် လူနာများ သွေးလိုအပ်သည့်အခါ အဆင်ပြေစွာရရှိနိုင်ရန်အလို့ငှာ သွေးလှူဘဏ်သို့ စုပေါင်းသွေးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအောင်ဇင်ဦး၊ မြို့နယ်ပြည်သူ့‌ဆေးရုံအုပ်ကြီး ဒေါက်တာစိုင်းလှတင်နှင့် တာဝန်ရှိသူများက စုပေါင်းသွေးလှူဒါန်းမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသူများအား အာဟာရဖြည့်စွက်စာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ထက်မြက်(နမ့်ခမ်း၊ ပြန်/ဆက်)