ဇမ္ဗူသီရိမြို့နယ်တွင် (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက် 

ဇမ္ဗူသီရိ စက်တင်ဘာ ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများကို  မင်္ဂလာသိဒ္ဓိရပ်ကွက်တွင် ဆောင်ရွက်ခဲ့ ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့် အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique IDနံပါတ် သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့ နံနက်ပိုင်းက မင်္ဂလာသိဒ္ဓိရပ်ကွက်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ဝန်ထမ်းများနှင့် မိသားစုဝင် ကျား(၅၁)ဦး၊ မ(၈၃)ဦး စုစုပေါင်း(၁၃၄)ဦး အား Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး  (ပြန်/ဆက်)