ကျောက်မဲ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ကျင်းပခဲ့သည်။
အဆိုပါ သွေးလှူဒါန်းပွဲကို ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် အမှတ်(၁၂၄)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ အရာရှိ ၅ ဦး၊ တပ်ဖွဲ့ဝင် ၁၇ ဦး စုစုပေါင်း ၂၂ ဦးတို့က သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ခြင်းများပြုလုပ်ပြီး သွေးလှူဘဏ်သို့ စုပေါင်းလှူဒါန်းခဲ့ကြသည်။
ထို့နောက် သွေးလှူဒါန်းသော အရာရှိများနှင့် တပ်ဖွဲ့ဝင်များအား ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ထွန်းသူ၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးစိုးမြင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကြက်ဥ၊ အချိုရည် စသည့် အာဟာရဖြည့်အစားအစာများ ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ကျောက်မဲ)