အမျိုးသမီးများအား အကြမ်းဖက်မှု လူကုန်ကူးမှုသက်ငယ်မုဒိမ်းမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရေဦး ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယမန်နေ့‌မွန်းလွဲ ၁ နာရီကအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် အမျိုးသမီးများအား အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ သက်ငယ်မုဒိမ်းမှုများမှ ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာဦးစီးဌာန ဆရာ ဆရာမများ၊ ခရိုင်/မြိုနယ်အဆင့် မိခင်နှင့်ကလေးစောင့်‌ ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့်အဖွဲ့၀င်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌကိုယ်စား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မျိုးမျိုးထိုက်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်တရားသူကြီး ဦးသောင်းထွန်းက အမျိုးသမီးများအ‌ပေါ် ကာကွယ်ပေးထားသည့်အခွင့်အရေးဥပဒေများ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့ပါက အရေးယူဆောင်ရွက်ရမည့် ဥပဒေပုဒ်မများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်က လူကုန်ကူးမခံရစေရန် သတိပြုရမည့်အချက်များ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ ရှောင်ရှားရမည့်လူပွဲစား(၄)မျိုး၊ လူကုန်ကူးခံရသူများ ခံစားရမည့်ဆိုးကျိုးများ၊ လူကုန်ကူးမှု တားဆီးကာကွယ် ရေးဆိုင်ရာနည်းဗျူဟာ (၄) ရပ်နှင့် သက်ငယ်မုဒိမ်းမှုများဖြစ်ပွားရခြင်း အကြောင်းအရင်းများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်းက ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေး၊အကြမ်းဖက်မှုကာကွယ်‌ ရေးအသိပညာ‌ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိူမျိုးထိုက်က ဟောပြော‌ဆွေးနွေးပေးခဲ့ကြသော ခရိုင်တရားသူကြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ပြန်/ဆက် ဦးစီးမှူးတို့အားအမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်း ရေဦး)