ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရေငံသရက်ကုန်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ငပုတော ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရေငံသရက်ကုန်းကျောင်း၌ ကျောင်းကောင်းစီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲကို ယမန်နေ့ည‌နေပိုင်းက ကျောင်းအားကစားဘောလုံးပြိုင်ပွဲကွင်းအတွင်း ကျင်းပပြုလုပ်သည်။

ဦးစွာ စစ်ကြောင်းမှူးကဦးဆောင်၍ ကျောင်းကောင်စီအသင်း (၅) သင်းမှ အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ကရေငံသရက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းဇာနည်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအားကစားပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့်ဆောင်ရွက်ရန်နှင့် ကျန်းမာသန်စွမ်းသော အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး စစ်ကြောင်းမှူးကဦးဆောင်ပြီး အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပထမပွဲစဉ်အ‌လောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းတို့ ယှဉ်ပြိုင်ကစား‌နေမှုများကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)