မှော်ဘီမြို့နယ်၌ ၂၀‌‌၂၄-၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာ

မှော်ဘီ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို စာစစ်ဌာန အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာနအမှတ် (၂) အခြေပညာအထက်တန်းကျောင်းနှင့် မြောင်းတကာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဇူလိုင် ၂၇ ရက်နေ့ နံနက်(၆)နာရီ၌ ထုတ်ပြန်ကြေညာသည်။

မှော်ဘီမြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ (၂၀၄၄) ဦးရှိပြီး စာမေးပွဲဖြေဆိုရာ အောင်မြင်သူ စုစုပေါင်း(၉၁၂)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့်(၄၄.၆၂%)အောင်မြင်ခဲ့ရာ တစ်ဘာသာဂုဏ်ထူးရှင်(၅၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၇)ဦး၊ ခြောက်ဘာသာဂုဏ်ထူး(၂)ဦး စုစုပေါင်း aဂုဏ်ထူးရအောင်မြင်သူ(၁၁၅)ဦးနှင့် ရိုးရိုးအောင်မြင်သူ(၇၉၇)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၉၁၂) ဦးဖြေဆိုအောင်မြင်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးထံမှ သိရသည်။

ထိုသို့ အောင်စာရင်းများထုတ်ပြန်ကြေညာရာတွင် လာရောက်ကြည့်ရှုသူများအနေဖြင့် အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာကြည့်ရှုနိုင်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သိန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန ဝက်ဆိုဒ်တွင်လည်း အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။

မြို့နယ် (ပြန်/ဆက်)