စစ်ကိုင်း ဇူလိုင် ၂၉
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ (၃၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိဓမ္မာရုံ၌ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ပါမောက္ခဌာနမှူများ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရာကန်တော့၍ ဖွင့်လှစ်ပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက (၃၁)ကြိမ် မြောက် စုပေါင်းဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းမှုနှင့်ပတ်သက်၍ လျှောက်ထားသည်။
ထို့နောက် ပထမဂန္ဓာရုံဆရာတော်ထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းနှင့် အလှူရှင်များက ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆပ်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နေလင်းအောင်