လိပ်သို ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသ ဖြစ်၍ ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် လက်ဖက်ပင်များကို ပျိုးထောင်ကာ စီးပွားဖြစ် ရောင်းချသူများလည်းရှိကြောင်း သိရသည်။
လက်ဖက်ပျိုးပင်များသည် မိုးများပြီး ရေဝပ်သည့်နေရာကို ကြိုက်နှစ်သက်မှုမရှိဘဲ ကုန်းမြင့်ဒေသတွင်သာ ဖြစ်ထွန်းလေ့ရှိပြီး အစေ့ပျိုးထောင်ချိန်မှ အပင်ပေါက်ချိန်အထိ တစ်လဝန်းကျင် ကြာမြင့်ကြောင်း လက်ဖက်ပျိုးထောင်သူ တောင်သူတစ်ဦးထံမှ သိရှိရသည်။
လက်ဖက်ပျိုးပင် တစ်နှစ်သားတစ်ပင်ကို (၃၀ဝိ/-) ကျပ်မှ (၅၀ဝိ/-) ကျပ်အထိ ရောင်းချရကြောင်း၊ အဆိုပါလက်ဖက်ပျိုးပင်များမှာ ဥယျာဉ်ခြံမြေနှင့် အအေးဓာတ်ရသည့် နေရာတို့တွင် အများဆုံးစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်