ရန်ကုန် ဇူလိုင် ၂၉
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့် ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဖြေဆိုသူ စုစုပေါင်း(၄၇၀)ဦး ဖြေဆိုမှုတွင် အောင်မြင်သူ စုစုပေါင်း(၃၆၅)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့် (၇၇.၆၆ )ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် လမ်းမတော်မြို့နယ်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများအနက်မှ ခြောက်ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၆)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃၀)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၂၄)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၃၁)ဖြင့် အောင်မြင်ကြပြီး အောင်မြင်မှုရာခိုင်နှုန်း (၇၇.၆၆)ရရှိကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
ကျော်ဆန်းမြင့်