သတင်းများ

ဟုမ္မလင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Sep 19,2023
စစ်ကိုင်းတိုင်းဒေသကြီး၊  ဟုမ္မလင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၁၈)ရက်နေ့၊ နေလည်(၂)နာရီအချိန်က ဟုမ္မလင်းမြို့နောင်ပကျစ်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ ရှေ့တန်းအမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်ကြီးအေးမင်းဇော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့
ပေါက်ခေါင်းမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး
Sep 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ်ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည်  ပေါက်ခေါင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းတွင် ပညာသင်ကြားနေသည့် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား ယမန်နေ့နံနက်ပိုင်းက  စတင်၍သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို ထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။
ပေါင်းတည်၌ စပါးပင်ဖျက်ရွှေခရုများ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးကြည့်ရှု
Sep 19,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မိုးစပါးစိုက်ခင်းများအတွင်း စပါးပင်ဖျက်ရွှေခရုများ ကျရောက်မှုရှိ/မရှိကို မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ကဦးဆောင်၍ တောင်သူများနှင့်စိုက်ပျိုးရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
မအူပင်မြို့နယ် အောက်ထုံးကျေးရွာအုပ်စု၊ ဘားမနီးကျေးရွာနှင့် ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာ များတွင် မြစ်ကမ်းပြိုကျမှုဖြစ်ပွား
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ ဘားမနီးကျေးရွာတွင် ရာဇူတိုင်မြစ်ရေတိုက်စားမှုကြောင့် ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြစ်ကမ်းပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါး ပြိုကျမှုအန္တရာယ်နှင့်နီးကပ်သည့်နေအိမ် (၁၀)လုံးကြိုတင်ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
ပြည်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 19,2023
ပဲခူတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Sep 19,2023
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)စတင်ထိုးနှံခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်မှူး၊ တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
လားရှိုးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Sep 19,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီ အချိန်က လားရှိုးမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ငါန်းဇွန်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV ) ထိုးနှံပေးခြင်းဆောင်ရွက်
Sep 19,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့နံနက် ၉ နာရီခွဲမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနံပေးခဲ့ကြောင်း သိရသည်။