မြောင်းမြ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများစာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့နံနက်က ခရိုင်စိုက်ပျိုးရေးရုံး၊ စာရင်းစစ်ရုံး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လေ့ကျင့်ရေးအလယ်တန်းကျောင်းနှင့် အမှတ်(၁)ရပ်ကွက်သို့ သုတ/ ရသ စာအုပ်စာစောင် မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
ထိုသို့ စာအုပ်များငှားရမ်းပေးရာတွင်ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)