ဓနုဖြူမြို့နယ်၌ စားသုံးဆီများစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ဓနုဖြူ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေး လုပ်ငန်းအဖွဲ့မှ စားသုံးဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး နဝရတ်မိသားစုအရှေ့တွင် ရောင်းချပေးခဲ့သည်။

ထို့သို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များက ခရိုင်ဆီကုန်သည်များအသင်းမှ  စားအုန်းဆီ တစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ အမှတ်(၂)ရပ်ကွက်ရှိ ငွေမိုး ကုန်စုံလက္ကားဆိုင်၊ ချစ်ကိုကို ကုန်စုံလက္ကားဆိုင်၊ အမှတ်(၅)ရပ်ကွက်ရှိ ငွေလမင်း ကုန်စုံလက္ကားဆိုင်နှင့် ချမ်းမြေ့ ကုန်စုံလက္ကားဆိုင်ကြီးများတွင် ဆီလက်ကျန် သိုလှောင်ထားခြင်းရှိ/မရှိ၊ ရည်ညွှန်းစျေးအတိုင်း ရောင်းချမှုရှိ/မရှိနှင့် တပ်မတော် ထုတ်ကုန်ပစ္စည်းများ ရောင်းချမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)