ပိုင်ကျုံ စက်တင်ဘာ ၁၉
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည် မြှင့်တင်စေရေးနှင့်အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် အ-ထ-ကနောင်ဘိုကြီးကျောင်း၌ ယမန်နေ့က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် အ-ထ-က နောင်ဘိုကြီးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်နွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက ပလတ်စတစ်၏ ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ဆိုင်ရာနည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များစည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်ဖို့ လိုအပ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ အသိပညာပေးရေးလုပ်ငန်းများ လစဉ်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)