ဆိပ်ဖြူ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝနာရီက သံဇလုံကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်လူရွယ်များ အသိပညာဗဟုတသုတိုးပွားစေရန်နှင့် စာဖတ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေး ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီအရာရှိ ဒေါ်စီစီမိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် အိုဇုန်းလွှာအကြောင်း သိကောင်းစရာများကိုလည်ကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ လူငယ်တို့ စာဖတ်စွမ်းရည်မြင့်မားရေး အသိပညာပေးများကို ဟောပြောပေးခြင်း ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများကို အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်များ ပြသရှင်းလင်းခြင်း၊ စာဖတ်စွမ်းရည်မြင့်မားတိုးတက်ရေး ပုံပြင်ဖတ်ခြင်းအစီအစဉ်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)