ထန်းတပင်(ပဲခူး) စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သဇင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အနာဂတ်စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်(Book Club)အဖွဲ့ဝင်ဒေါ်အိသီရိမှ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ရည်မှန်းချက်များ၊ လူရည်ချွန်၊လူရည်မွန်များဖြစ်လာစေရေးအကြောင်းတို့ကို ဟောပြောပေးခဲ့ပြီး တက်ရောက်လာကြသောကျောင်းသား ကျောင်းသူများက နံရံကပ်ပြဘုတ်နှင့်စာအုပ်ပြပွဲကို ကြည့်ရှုခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)