မိုင်းရှူး စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၇)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက်၊ အောင်ရတနာဓမ္မရိပ်သာကျောင်းတိုက်အတွင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး မြတ်မင်းထွေး၏ ဦးဆောင်မှုဖြင့် ကျောင်းဝင်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှည်းခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို မိုင်းရှူးခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်အရာရှိ အရာခံနှင့် မိသားစုဝင်များ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)