တပ်နယ်(လင်းခေး)က ဒေသနေပြည်သူများ သက်သာချောင်ချိရေးအတွက် စားအုန်းဆီ၊ အသား၊ ငါးနှင့်ဟင်းသီးဟင်းရွက်များ စျေးနှုန်းသက်သာစွာ ရောင်းချပေး

လင်းခေး စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)လင်း ခေးခရိုင်၊လင်းခေးမြို့ရှိ အများပြည်သူတို့ သက်သာချောင်ချိရေးအတွက် ရည်ရွယ်လျက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊တပ်နယ်(လင်းခေး)က စားအုန်းဆီနှင့် ခြံထွက်အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များစျေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက် ၇ နာရီက လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းပုရိဝုဏ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပေးရာတွင် စားအုန်းဆီတစ်ပိဿာလျှင်(၄၈၀၀ိ/-) ဝက်သားတစ်ပိဿာကျပ်လျှင်(၂၀၀၀၀ိ/-)၊ ကြက်သားတစ်ပိဿာကျပ်လျှင်(၁၄၀၀၀ိ/-)၊ ဝက်ကလီစာတစ်ပိဿာလျှင်ကျပ်(၁၄၀၀၀ိ/-)၊ ကြက်ဥတစ်ဆယ်လုံးလျှင်(၂၅၀၀ိ/-)၊ နွားနို့တစ်ထုပ်လျှင်(၁၅၀၀ိ/-)နှင့် မုံလာဥ၊ ခရမ်းသီး၊ ငရုပ်သီးစိမ်း၊ ချဥ်ပေါင်ရွက်၊ ကန်ဇွန်းရွက်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ လင်းခေးဒေသခံ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများက လာရောက်ဝယ်ယူအားပေးခဲ့ကြသူများ များပြားခဲ့ကြောင်း၊ ယင်းရောင်းချပေးရာ၌ စားအုန်းဆီ(၂၃၂)ပိဿာ၊ ဝက်သား(၃၂)ပိဿာ၊ ဒေသကြက်(၂၀)ပိဿာ၊ ကြက်ဥ(၂၅၀၀)လုံးအပြင်၊ နွားနို့နှင့်ဟင်းသီးဟင်းရွက်များအား လာရောက်ဝယ်ယူကြသူများကို လုံလောက်စွာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ် (လင်းခေး)