သတင်းများ

မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်လူရွယ်၊ ကျောင်းသား/သူများကို ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်ပေါ်လာစေရန်၊ “ယနေ့လူငယ် နောင်ဝယ်လူကြီး”ဆိုသော စကားအတိုင်းနောင်တချိန်နိုင်ငံတာဝန်များကို ပုခုံးလွှဲပြောင်းယူမည့် ယနေ့ခေတ်လူငယ်များကို အသိပညာ၊ ဗဟုသုတတိုးတက်ဖွံဖြိုးရေးနှင့် စကားပြောစွမ်းရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
ပြည်မြို့ အ.ထ.က (၅) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ
Sep 20,2023
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်မြို့နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းဆောင်ရွက်သော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ"ကို ယနေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
နတ်မောက်မြို့နယ်၌ ငါးအမိုင်နိုအက်စစ်ဖျော်စပ်နည်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း တောင်သူအသိပညာပေး ဆောင်ရွက်
Sep 20,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ငါးအမိုင်နိုအက်စစ်ဖျော်စပ်နည်းနှင့် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း တောင်သူအသိပညာပေးဆွေးနွေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲတွင် ပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 20,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက အရေး၊ အတီးပြိုင်ပွဲများနှင့် ဆုရရှိသူများ အား ဆုများချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉) နာရီမှ စတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံပေး
Sep 20,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ စက်တင်ဘာ ၁၈ ရက်နေ့တွင် စတင်ထိုးနှံလျက်ရှိရာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းအခြေပြု အခြေခံအထက်တန်းနှင့် အလယ်တန်း၊ မူလတန်းတို့တွင် ကာကွယ်ဆေးများ ထိုးနှံလျက်ရှိရာ ယမန်နေ့က အမကချင်းကျောင်း၊ အမကရုံးရပ်နှင့် ကိုးပင်မူလတန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိသည်။
မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသော တောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မိုင်းကာကျေးရွာအုပ်စု၊ အားခေဝမ်ကောင်းကျေးရွာရှိ‌ မူလတန်းကျောင်းဆောင်ဟောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၈၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီး
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းမှာ ယခုအခါ ၈၈ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကြံခင်းမြို့နေ ပြည်သူများအား စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချပေး
Sep 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ဒေသနေပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့် ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။