ကျောက်ဆည်မြို့တွင် ပြည်သူ့သက်သာဈေးဆိုင်များဖွင့်လှစ်ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဝက်သား၊ အမဲသားများအား ဈေးနှုန်းသက်သာသောစွာဖြင့်ရောင်းချပေး

ကျောက်ဆည်   စက်တင်ဘာ   ၂၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့၏ လမ်းညွှန်မှုနှင့်  ကျောက်ဆည်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့မှ ကြီးကြပ်၍  ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အေးမြကြည်လင်ဈေးတွင် ယနေ့နံနက် (၇)နာရီက ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဆန်၊ စားအုန်းဆီ၊ အမဲသား၊ ဝက်သား၊ ကြက်ဥ စသည့်ကုန်ပစ္စည်း(၅)မျိုးအား ပြည်သူ့သက်သာဈေးဆိုင်များဖွင့်လှစ်ပြီး ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ဆန်တစ်ပြည် (၃,၀၀၀)ကျပ်၊ စားအုံးဆီတစ်ပိဿာ (၅,၆၀၀)ကျပ်၊ အမဲသားတစ်ပိဿာ (၁၂,၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၅,၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး  (၂၀၀)ကျပ်တို့ဖြင့်  ရောင်းချပေးခဲ့ကြောင်းသိရပြီး ထိုသို့ရောင်းချခြင်းများကို စည်ပင်သာယာရေးအဖွဲ့မှ ဆန်စက်ပိုင်ရှင်များနှင့် ဆန်ကုန်သည်ကြီးများ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ ဥစားကြက်မွေးမြူးရေးလုပ်ငန်းရှင်များ၊ သား/ငါးလေလံလုပ်ငန်း လုပ်ကိုင်သူများနှင့် ပူးပေါင်းပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)