သံဖြူဇရပ်မြို့နယ် ဝဲကလိအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

 သံဖြူဇရပ် စက်တင်ဘာ ၂၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ဝဲကလိ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်သက်သက်မူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက  ကျောင်းသားလူငယ်များ ဗဟုသုတ​ကြွယ်ဝပြီး အတွေးအခေါ်မြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးတတ်သည့် အလေ့အကျင့်အလေ့အထကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးသီက အစီအစဥ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး ဝဲကလိအခြေခံပညာအထက်တန်းကျောင်းမှ

Grade-10 ကျောင်းသူမသော်တာအောင်က လူငယ်နှင့်ပညာရေး၊ Grade- 12 ကျောင်းသား မောင်ချစ်ကိုကိုက လူငယ်နှင့်ကျန်းမာ​ရေး၊ Grade -12 ကျောင်းသားမောင်တင်မျိုးဝင်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-12  ကျောင်းသူ မဆုမြတ်နွယ်က လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)