စမ်းချောင်းမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

စမ်းချောင်း စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သောလူငယ်စကားဝိုင်းကို ယ​မန်နေ့ နံနက် ၉ နာရီက အမှတ် (၄) အခြေခံပညာအထက်တန်း​ကျောင်း၊ တော်ဝင်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦး​ဆောင်​​ဆွေး​နွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်း၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် အ-ထ-က (၄) ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်နိုင်နိုင်ချိုတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ​ကျောင်းသူ (၆) ဦးတို့က လူငယ်နှင့်ပညာ​ရေး၊  လူငယ်နှင့်အားကစား၊  လူငယ်နှင့်ယဥ်​ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ အစရှိသည့်​ ခေါင်းစဥ်ပါအ​ကြောင်းအရာများကို​ ဆွေး​နွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုသစ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့​​နောက် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြ‌ကြောင်း သိရသည်။

ဖြူသွယ်ထွန်း