သတင်းများ

တိုက်ကြီးမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Oct 11,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မာဂရီချောင်းရေဝင်ရောက်ခဲ့သည့် စပါးကိုင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ပိန်းအင်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့မွန်းလွဲ၁နာရီခွဲက တိုက်ကြီးတပ်နယ်မှူးနှင့် အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများအား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့ အမှတ်(၃) (အ.ထ.က) ကျောင်းသို့ လူငယ်အသိပညာပေးဟောပြောဆွေးနွေး
Oct 11,2023
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက် ရေး အသိပညာပေး ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ မန့်ဝိန်းအလယ်တန်းကျောင်းခွဲတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်
Oct 11,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် လူရွယ်ကျောင်းသား/သူများ အသိပညာဗဟုတိုးတက်မြင့်မားရေး၊ ဗလငါးတန်နှင့် ပြည်စုံသော နောင်အနာဂတ်လူငယ်များ ပေါ်ထွန်းလာရေးတို့အတွက် ရည်ရွယ်၍ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများနှင့် လူငယ်စကားဝိုင်းများကို အထက်တန်းကျောင်းများ၊  အလယ်တန်းကျောင်းခွဲများအပြင် မူလတန်းလွန်ကျောင်းများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မန်ဝိန်းအလယ်တန်းကျောင်းခွဲတွင် ယမန်နေ့ နံနက်(၉း၃၀)အချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ဧက ၅၀၀ ကျော် စိုက်ပျိုးမည်
Oct 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ ၌ ဟင်းသီးဟင်းရွက် ဧက ၅၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ဘိုကလေးမြို့နယ်တွင် မိချောင်းဆွဲခံရ၍ ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ငွေပေးအပ်
Oct 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေရာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် နေထိုင်သူ ဦးဆန်းဝင်း (ရေလုပ်ငန်း လုပ်ကိုင်သူ)သည် ၎င်းနေထိုင်သည့် ကျေးရွာအနီးမှ ဝဲချောင်းအဖျားတမံအတွင်း အောက်တိုဘာ(၉)ရက်နေ့ နံနက်ပိုင်း၌ ဂဏန်းထောင်ရန် ရေထဲသို့ဆင်းစဉ် မိချောင်းဆွဲခံရပြီး ပြန်လည်ရုန်းကန်မှုကြောင့် မိချောင်းအန္တရာယ် လွတ်မြောက်ခဲ့ပြီး မိချောင်းဆွဲရသဖြင့် ညာဘက်လက်မနှင့် လက်ညှိုးတွင် ကျိုးကြေဒဏ်ရာများ ရရှိခဲ့သည်။
ကမမောင်းမြို့၌ အသိပညာပေးနံရံကပ်စာစောင်များပြသ
Oct 11,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင် ထိန်းသိမ်းကြစို့ နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 11,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့သည်၊၊
လူထုအခြေပြုဗဟိုဌာန၌ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသ
Oct 11,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို  ယမန်နေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။