(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်သွေးလှူဘဏ်၌ ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းနှင့် မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်း

မြိတ် စက်တင်ဘာ ၂၁

 (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှုးကြီး ကျော်မိုးသက် ဦးဆောင်မှုဖြင့် မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင် ယနေ့နံနက်(၉)နာရီအချိန်က မြိတ်ခရိုင်ရှိ ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းနှင့် မိသားစုဝင်များ  စုပေါင်းပြီး သွေးလှူဒါန်းခဲ့ကြသည်။

စုပေါင်းသွေးလှူဒါန်းခြင်းသည် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် အမှန်တကယ်သွေး လိုအပ်နေသော ဝေဒနာရှင်များအတွက် အလှူတစ်ရပ်အနေဖြင့် သော်လည်းကောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်သော်လည်းကောင်း ရည်ရွယ်ချက်ဖြင့် ရဲတပ် ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်းလှူဒါန်း ကြခြင်းဖြစ်သည်။

သွေးလှူဒါန်းရာတွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် လုံခြုံရေးတပ်ခွဲ၊ မြိတ်နှင့်ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)၊ လေကြောင်းရဲတပ်ဖွဲ့(မြိတ်)၊ ရေကြောင်းရဲတပ်ဖွဲ့(မြိတ်)၊  မူးယစ်ဆေးဝါးတားဆီးနှိမ် နှင်းရေးရဲတပ်ဖွဲ့စု(မြိတ်)နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်တပ်ဖွဲ့စိတ်(မြိတ်)တို့မှ အရာရှိ/အခြား အဆင့်တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းနှင့် မိသားစုဝင်များ စုပေါင်း၍ သွေးလှူဘဏ်သို့ လှူဒါန်းခဲ့ကြသည်။

သွေးလှူဒါန်းကြသည့် တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း (၄၁)ဦးနှင့် မိသားစုဝင်(၂)ဦး စုစုပေါင်း (၄၃)ဦး သွေးလှူဒါန်းနေမှုအား  ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများအား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ ကြက်ဥ၊ Royal D အအေးဗူးနှင့် သွေးအားတိုးဆေးများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)