ဝမ်းတွင်း စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက်၌ လူငယ်လူရွယ်များအနေဖြင့် ကျောင်းပိတ်ရက်များတွင် အသင်းဝင်လျှောက်လွှာရေးသွင်းကာ သုတ/ရသ စာပေများအား လေ့လာဖတ်ရှုလျက်ရှိကြသည်။
ဝမ်းတွင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာပေများ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ဂျာနယ်အပြင် ကလေးစာပေအစရှိသည်များကို (အခမဲ့) ငှါးရမ်းပေးလျှက်ရှိပြီး ပြည်သူများအနေဖြင့် ငှါးရမ်းဖတ်ရှုလျက်ရှိကြောင်း ကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန် အသင်းဝင်လျှောက်လွှာများရေးသွင်းပြီး စာပေများကို လေ့လာဖတ်ရှုလျက်ရှိကြောင်းသိရသည်။ ကျောင်းသားကျောင်းသူများအား ကျောင်းစာအပြင် အားလပ်သောအချိန်များတွင် ဗဟုသုတများတိုးပွားစေရန် သုတ/ရသစာပေများအား လေ့လာဖတ်ရှုနိုင်ရေး ဆွေးနွေးဟောပြောခြင်းများကို အခြေခံပညာကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့သော လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာဟောပြောပွဲများတွင် ထည့်သွင်းပြောကြားခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့်ရင်းနီးကျွမ်းဝင်မှုရှိပြီး စာပေများကို လေ့လာဖတ်ရှုခြင်းဖြစ်ကြောင်း စာကြည့်တိုက်လက်ထောက်-၃ ဦးတင်လှိုင်ထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်လုပ်ငန်းများအပြင် ပြည်သူများ အသိပညာ ဗဟုသုတများတိုးပွားစေရန် Talk Show အစီအစဥ်များနှင့် အခြားသောအသိပညာပေး အစီအစဥ်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)