ဘူးသီးတောင် စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသူ အမှတ်(၇)ရပ်ကွက် မြတောင်ဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ် ၌စုရပ်ထားရှိကာ ယမန်နေ့ညနေပိုင်းက ပြည်သူများသို့စားသုံးဆီများ ဆက်လက်ရောင်း ချပေးခဲ့ကြသည်။
ဘူးသီးတောင်မြို့၌ Agri One Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ မြို့နယ် စားသုံးဆီရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ မြတောင် ဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမပေါ်တွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများသို့ စားသုံးဆီတစ်ပိဿာလျှင် ၄၉၀၀ ကျပ် နှုန်းဖြင့်ဆီ ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် လက်လီ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါစားသုံးဆီရောင်းချမှုအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦး အောင်သက်ဇံနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီးလိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)