ကဝ စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အုန်းနှဲကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသော ဒေါ်ခင်နွဲ့၏ အသားတိုး ဝက်မွေးမြူရေးခြံအား ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမွေးမြူရေးခြံသို့ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)