ကွတ်ခိုင် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ကျောင်းကောင်စီဥက္ကဋ္ဌ ဘောလုံးပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေခြင်း၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီး ပူးပေါင်းဆောင်ရွက်တတ်စေခြင်း၊ အရှုံးအနိုင်ကို ပဓာနမထားဘဲ စည်းလုံးညီညွတ်စွာ ကြိုးစားယှဉ်ပြိုင်စေခြင်းများကို ရည်ရွယ်၍ အမျိုးသား (၅)သင်း၊ အမျိုးသမီး(၅) သင်းကို ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။
အဆိုပါ အ.ထ.က(၁)ကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် အမျိုးသား အသင်းမှ ဗန္ဓုလအသင်းက ပထမနှင့် အမျိုးသမီးအသင်းမှ ဗန္ဓုလအသင်းက ပထမရရှိခဲ့ပြီး ဆုရရှိသောအသင်းများနှင့် အကောင်းဆုံးဆုရရှိသူများကို အခမ်းအနားတက်ရောက်လာသော ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်၊ ခရိုင်ပညာရေးမှူး ဦးဆလိုင်းအောင်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)