သတင်းများ

အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Sep 21,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အမ်းမူလတန်းကြိုကျောင်းမှ ကလေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံ
Sep 21,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)အား ထိုးနှံပေးလျက်ရှိသည်။
သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိ
Sep 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့် ပင်စင်လစာငွေများအား လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ သရက်ချောင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိသည်။
မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Sep 21,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club) ၊ (Book Club) အဖွဲ့များ ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ‌ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့် ယနေ့နံနက် ၉ နာရီက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ကျွန်းလှ၌ စာဖတ်ဝိုင်းကျင်းပ
Sep 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင် ပြသ
Sep 21,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိ ပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရပ်စောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အခြေခံပညာမူလတန်းကျောင်းများသို့ ကျောင်းသုံးဗလာစာအုပ်များ သွားရောက်လှူဒါန်း
Sep 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်း မှ လှူဒါန်းသည့် ကျောင်းသုံးဗလာစာအုပ်များ ထပ်ဆင့်လှူဒါန်းခြင်း ကို ယမန်နေ့နံနက် ၉ နာရီက ရပ်စောက်မြို့ပေါ်ရှိ အမှတ်(၆)၊ အမှတ်(၇)နှင့် ဟိုပင်အခြေခံမူလတန်းကျောင်းများသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရာသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် တက်ရောက်အားပေး
Sep 21,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။