ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ဆဒုံး အောက်တိုဘာ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့သည်၊၊

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာဝင်းက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ စာလုံးပေါင်းသတ်ပုံ မှန်ကန်ပြီး အသံထွက် မှန်ကန်တိကျမှုရှိစေရန်၊ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန်၊ ပါဝင်ယှဥ်ပြိုင်တတ်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်ကျင်းပကြောင်း ပြောကြားခဲ့သည်၊၊

ထို့နောက် ၂၀၂၃ ခုနှစ် သြဂုတ်လထုတ် ဒို့ကျေးရွာဂျာနယ်တွင် ပါဝင်သော ဒိန်ချဥ်တစ်ခွက်၏ အကျိုးအာနိသင် ခေါင်းစဥ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသောသူများအား အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခင်မာဝင်း(ဆဒုံး)