စစ်ကိုင်း အောက်တိုဘာ ၁၁
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက် ရေး အသိပညာပေး ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရသည်။
အသိပညာပေး ဆွေးနွေးရာတွင် ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက “ကလေးအလုပ်သမား အဓိပ္ပါယ်”၊ “ကလေးအလုပ်သမား၏ အသက်အရွယ်”၊ “ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်”၊ “ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်”၊ “ကလေးအလုပ်သမား သည် တရာမဝင်ဖြစ်ကြောင်း”၊ “ အပြည်ပြည်ဆိုင်ရာပြဌာန်ချက်များ”၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်း ကြိုးပမ်းကြပါစို့” စသည့်အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးဟော ပြောပေးခဲ့သည်။
ဆက်လက်၍ အဆိုပါအဖွဲ့များသည် ရန်နိုင်ရပ် အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဆွေးနွေးပေးရာ ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် စာပေဖတ်ရှုကြဖို့လိုကြောင်း၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိလာကာ အမှား/ အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ်ပညာများလည်း ရရှိလာမှာဖြစ်ကြောင်း မိမိတို့ ဌာနအနေဖြင့် သုတ/ ရသ စာအုပ်များကို အခမဲ့ငှားရမ်း ပေးလျက်ရှိရာ လာရောက်ငှားရမ်းဖတ်ရှုကြပါလို့ ဖိတ်ခေါ်လိုကြောင်းနှင့် လူငယ်ရေးရာ အသိပညာများ ဆွေးနွေးဟောပြောပေးခဲ့ကြောင်း သိရ သည်။
ဇော်မြင့်နိုင်