ဘိုကလေးမြို့နယ်တွင် မိချောင်းဆွဲခံရ၍ ဒဏ်ရာရရှိသူအတွက် ထောက်ပံ့ငွေပေးအပ်

ဘိုကလေး အောက်တိုဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အေရာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် နေထိုင်သူ ဦးဆန်းဝင်း (ရေလုပ်ငန်း လုပ်ကိုင်သူ)သည် ၎င်းနေထိုင်သည့် ကျေးရွာအနီးမှ ဝဲချောင်းအဖျားတမံအတွင်း အောက်တိုဘာ(၉)ရက်နေ့ နံနက်ပိုင်း၌ ဂဏန်းထောင်ရန် ရေထဲသို့ဆင်းစဉ် မိချောင်းဆွဲခံရပြီး ပြန်လည်ရုန်းကန်မှုကြောင့် မိချောင်းအန္တရာယ် လွတ်မြောက်ခဲ့ပြီး မိချောင်းဆွဲရသဖြင့် ညာဘက်လက်မနှင့် လက်ညှိုးတွင် ကျိုးကြေဒဏ်ရာများ ရရှိခဲ့သည်။

မိချောင်းဆွဲခံရသဖြင့် ရရှိခဲ့သော ဒဏ်ရာများအား ဆေးဝါးကုသနိုင်ရေး တာဝန်ရှိသူများမှ ကဒုံကနိတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ မိချောင်းဆွဲခံရသူအတွက် ၎င်း၏ မိသားစုဝင် လက်ဝယ်အရောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ထောက်ပံ့ငွေကျပ် (၅)သောင်းအား ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)