တိုက်ကြီးမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

တိုက်ကြီး အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မာဂရီချောင်းရေဝင်ရောက်ခဲ့သည့် စပါးကိုင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ပိန်းအင်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ယမန်နေ့မွန်းလွဲ၁နာရီခွဲက တိုက်ကြီးတပ်နယ်မှူးနှင့် အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများအား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာတိုက်ကြီးတပ်နယ်မှူးက သာယာကုန်းကျေးရွာနှင့် ပိန်းအင်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ပြီး တိုက်ကြီးတပ်နယ်မှူး ဗိုလ်မှူးကြီးစိန်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။

မာဂရီချောင်းရေဝင်ရောက်မှုကြောင့် သာယာကုန်းကျေးရွာနှင့် ပိန်းအင်းကျေးရွာများရှိ ရေဘေးသင့်အိမ်ထောင်စု (၆၄)စု၊ လူဦးရေ (၂၆၂)ဦးတို့အတွက် ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ဆီနှင့် သောက်ရေသန့်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)