မူဆယ်မြို့၊ မန့်ဝိန်းအလယ်တန်းကျောင်းခွဲတွင် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်

မူဆယ် အောက်တိုဘာ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် လူရွယ်ကျောင်းသား/သူများ အသိပညာဗဟုတိုးတက်မြင့်မားရေး၊ ဗလငါးတန်နှင့် ပြည်စုံသော နောင်အနာဂတ်လူငယ်များ ပေါ်ထွန်းလာရေးတို့အတွက် ရည်ရွယ်၍ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများနှင့် လူငယ်စကားဝိုင်းများကို အထက်တန်းကျောင်းများ၊  အလယ်တန်းကျောင်းခွဲများအပြင် မူလတန်းလွန်ကျောင်းများအထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မန်ဝိန်းအလယ်တန်းကျောင်းခွဲတွင် ယမန်နေ့ နံနက်(၉း၃၀)အချိန်က လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းမစတင်မှီ မူဆယ်မြို့နယ် ဒုတိယပညာရေးမှူး ဦကျော်သန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန့်ဝိန်းအလယ်တန်းကျောင်းခွဲမှ ကျောင်းသား/သူ(၅)ဦးက လူငယ်လူရွယ်တို့နှင့်သက်ဆိုင်သော လူငယ်နှင့်စာဖတ်ခြင်း၊ အားကစား၊ ဆိုရှယ်မီဒီယာ ကောင်းကျိုးဆိုးကျိုး၊ အနာဂတ်ရည်မှန်းချက်၊ လူငယ်နှင့်မူးယစ်ဆေးဝါးစသည့်အကြောင်းအရာတို့ကို တစ်ဦးချင်းစီ၏ ထင်မြင်ယူဆချက်၊ သုံးသပ်ချက်တို့ကို ပြောကြားခဲ့ကြပြီး လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသော ကျောင်းသား/သူများမှလည်း ၄င်းတို့၏ သုံးသပ်ချက်များနှင့် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထို့နောက် မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက လူငယ်စကားဝိုင်းတွင် ဆွေးနွေးသွားကြသော တစ်ဦးချင်းစီ၏ ထင်မြင်ယူချက်ကောင်းများ၊ သုံးသပ်ချက်ကောင်းများကို ပြန်လည်ပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းသား/သူများအနေဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများကို ဖြည့်စွက်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန့်ဝိန်းအလယ်တန်းကျောင်းခွဲ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးညွန့်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)