ကမမောင်းမြို့၌ အသိပညာပေးနံရံကပ်စာစောင်များပြသ

ကမမောင်း အောက်တိုဘာ ၁၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဖို့ သစ်တောသစ်ပင် ထိန်းသိမ်းကြစို့ နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အဆိုပါ နံရံကပ်စာစောင်များတွင် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များဖြစ်သည့် ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်း၊ ကလေးအလုပ်သမားသည် တရားမဝင်ကြောင်းနှင့် ရေ၊မြေ၊ သစ်ပင်နီတိ၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းလျှင် အကျိုးများမည် အမှန်ပင်၊ စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်စေရေးပြုစုပေး စသည့်အချက်များပါဝင်သော နံရံကပ်စာစောင်များ ပြသခဲ့ပြီး ကျောင်းသား/ကျောင်းသူနှင့် စာဖတ်ပရိသတ်များက ကြည့်ရှုခဲ့ကြသည်။

ကျော်ဟိန်း(ပြန်/ဆက်)