သတင်းများ

ကျုံပျော်တွင် ဝက်မွေးမြူသူများထံသို့ တိရစ္ဆာန် အစာအိတ်များ  ဖြန့်ဖြူးပေးအပ်
Sep 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ် ရန်ပုံငွေဖြင့် ဝယ်ယူသည့် တိရစ္ဆာန်အစာအိတ်များအား ကျုံပျော်မြို့နယ် အတွင်းရှိ ဝက်မွေးမြူသူများထံသို့  ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ပြုလုပ်သည်။
ကျွန်းလှ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ
Sep 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၉ နာရီခွဲက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပကြောင်း သိရသည်။
ထားဝယ်မြို့တွင်လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Sep 21,2023
နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက် တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း
Sep 21,2023
(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် (၉) နာရီအချိန်က တောင်ငူခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
လားရှိုးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Sep 21,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လားရှိုး)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို သူနာပြုနှင့် သားဖွားသင်တန်းကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။
 ရသေ့တောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး
Sep 21,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းကစ၍ မြန်မာစီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Sep 21,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ခုတင် (၁၀၀) ဆံ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းကစတင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ စျေးကွက်အတွင်းရှိ ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုး ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး
Sep 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ စျေးကွက်အတွင်း ကလေးအဟာရဖြည့်စွက်စာရောင်းချနေမှုကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် မြို့မစျေးပတ်ဝန်းကျင်ရှိ ကုန်စုံဆိုင်များနှင့် စတိုးဆိုင်များအား ဝင်ရောက်စစ်ဆေးခဲ့ကြသည်။