မင်းပြား စက်တင်ဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(မင်းပြား)နှင့် မင်းပြားမြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်းပြီး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကို ယမန်နေ့က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြောက်ဦးခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဦးလှထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန် ဒေါက်တာနေဝင်းထွန်းက ဆယ်ကျော်သက်အရွယ် လူငယ်လူရွယ်များ၏ ခန္ဓာဗေဓဖြစ်စဥ် ပြောင်းလဲမှုများ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများအား power point ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြောက်ဦးခရိုင် လက်ထောက်ညွန်ကြားရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဒုကျောင်းအုပ်၊ သင်တန်းနည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သောင်းရွှေ (ပြန်ဆက်)