တပ်ကုန်းမြို့နယ်အတွင်း မိုးစပါးလျာထားဧကထက် ၂၀၂၇ ဧက ကျော်လွန် စိုက်ပျိုးနိုင်
Sep 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေးအတွက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆည်၊ ကန်၊ တာတမံအလိုက် မိုးစပါးလျာထားအနေဖြင့် ဆင်သေဆည်တမံမှ ဧက ၁၀၂၈၉ ၊ မုန်ရေထိန်းတမံမှ ဧက ၄၂၀၀၊ ကင်းသာရေလှောင် တမံမှ ဧက ၅၀၄၊ ပွဲစားရေလွှဲဆည်မှ ဧက ၁၈၇၀၊ ညောင်ကိုင်းရေလွှဲဆည်မှ ဧက ၆၂၀၊ ပုဂ္ဂလိက ကန်များမှ ဧက ၁၁၈၄၅၊ အခြားနည်းမှ ဧက ၁၃၅၈နှင့် မိုးကောင်းသောက်မှ ဧက ၁၅၇၅၉၊ စုစု ပေါင်းဧက ၄၆၄၄၅ လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။