မိုင်းယန်းမြို့၌ စပါးမျိုးကွဲနုတ်ပယ်ခြင်းနှင့် တတိယအကြိမ်ဓာတ်မြေဩဇာကြဲပက်ခြင်း အသိပညာပေးလက်တွေ့ကွင်းသရုပ်ပွဲကျင်းပ

မိုင်းယန်း စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများအား စပါးမျိုးကွဲနုတ်ပယ်ခြင်းနှင့် တတိယအကြိမ်ဓာတ်မြေဩဇာကြဲပက်ခြင်း အသိပညာပေးလက်တွေ့ ကွင်းသရုပ်ပြသပွဲကို ယနေ့နံနက် ၈ နာရီက မိုင်းလွေကျေးရွာအုပ်စု လောက်ကျန်ကျေးရွာ၌ ဆောင်ရွက်သည်။

အဆိုပါ စပါးမျိုးကွဲနုတ်ပယ်ခြင်းနှင့် ဓာတ်မြေဩဇာနှင့် တတိယအကြိမ်ဓာတ်မြေဩဇာကြဲပက်ခြင်း လက်တွေ့ကွင်းသရုပ်ပြပွဲတွင် မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းမှ တောင်သူများအား ရာသီစိုက်ပျိုးသီးနှံများအလိုက် ရိတ်သိမ်းနိုင်သည့် အချိန်ကာလအပိုင်းအခြားများနှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေသြဇာရောစပ်အသုံးပြုပုံ၊ စိုက်ပျိုးမြေစမ်းသပ်ပုံများကို အသိပညာပေး လက်တွေ့သရုပ်ပြသပြီး လောက်ကျန်ကျေးရွာနေ တောင်သူဦးအိုက်ယီဆမ်၏ မိုးစပါးဆင်းဧကရီ - ၃ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စံပြကွက် စိုက်ဧက ၀.၈၉ ဧကတွင် တတိယအကြိမ်ဓာတ်မြေသြဇာကြဲပက်ခြင်း လက်တွေ့သရုပ်ပြခဲ့ကြောင်းသိရသည်။

အဆိုပါ စံပြစိုက်ကွက်မြေသြဇာကြဲပက်ခြင်း အသိပညာပေးလက်တွေ့သရုပ်ပြပွဲသို့ မိုင်းယန်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ စပါးစိုက်ပျိုးတောင်သူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။

ထွန်းထွန်းထူး