မြေပုံမြို့နယ်၊ ထူးချေကျေးရွာ အုပ်စုနေပြည်သူများသို့ စားသုံးဆီ (၁) ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် ကျေးရွာအရောက် လက်လီရောင်းချ

မြေပုံ စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ လက်လီအရောင်းဈေးကားဖြင့် ယနေ့နံနက် (၈) နာရီ (၃၀) မိနစ်အချိန်က ထူးချေကျေးရွာအုပ်စုရှိ စားသုံးသူ (ပြည်သူများ)သို့ စားသုံးဆီများ လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

မြေပုံမြို့၌ Ageri One  Trading Co., Ltd ကုပ္မဏီမှ စားသုံးသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် မြောက်ဦးခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဝင် မြေပုံမြို့နယ် စားသုံးဆီရောင်းကိုယ်စားလှယ် ဦးသာထွန်းမှ ထူးချေကျေးရွာအုပ်စု၊ ထူးချေကျေးရွာ၊ ကျောက်မော်ကြီးကျေးရွာ၊ ကိုင်းချေကျေးရွာများရှိ ပြည်သူများသို့ စားသုံးဆီ(၁)ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် ဆီ(၅၅၀)ပိဿာအား ကျေးရွာအရောက် လက်လီဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

တင်ဝင်း