ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဉီးပြုစုခြင်း သိကောင်းစရာဟောပြောပွဲဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့်ရှေးဉီးပြုစုခြင်းသိကောင်းစရာဟောပြောပွဲ ကို ယနေ့ နံနက်(၁၀)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်  အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ကြောင်း သတင်းရရှိ သည်။

ထိုသို့ဆောင်ရွက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ကြက်ခြေနီအသင်း၊ တပ်ဖွဲ့မှူး ဦးဆန်းလွင်ဦး ဦးဆောင်၍ အဖွဲ့များခွဲကာ ကြက်ခြေနီ ပညာရပ်များ၊ ကြက်ခြေနီဖြစ်ပေါ်လာပုံ၊ ကြက်ခြေနီအခြေခံမူ (၇) ချက်၊ အရေးပေါ်လူနာများအသက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ရှောင်ရန်၊ ဆောင်ရန် အချက်အလက်များနှင့်  ရှေးဉီးပြုစုခြင်း အသိပညာပေးသိကောင်းစရာများကို စီမံချက်ဝင် (၈) ကျောင်းနှင့် စီမံချက်ပြင်ပ (၂) ကျောင်း စုစုပေါင်း စာသင်ကျောင်း (၁၀) ‌ကျောင်းတွင် စက်တင်ဘာ (၁၈) ရက်နေ့မှ စတင်ဆောင်ရွက်ရာ ယနေ့နံနက် (၉) နာရီတွင် အမှတ်(၁၄) အခြေခံပညာ မူလတန်းကျောင်း(မူလွန်)တွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တပ်ခွဲမှူးဦးအောင်အောင်ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များက ‌ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ သိကောင်းစရာများဟောပြောပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက မေးခွန်းများ၏ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားသည်။

ထို့နောက် တပ်ခွဲမှူးဦးအောင်အောင်နှင့်အဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား ရှေးဉီးပြုစုခြင်းပညာရပ်များကို စာတွေ့၊လက်တွေ့သရုပ်ပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ကြကြောင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးမြတ်သန္တာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သတင်းရရှိသည်။

သန်းသန်းအေး( ပြန်/ဆက်)