ချီဖွေ စက်တင်ဘာ ၂၃
ချီဖွေမြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီတွင် အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချီဖွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလင်းထူးက လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ် အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ ကလေးသူငယ်အခွင့်အရေးနှင့် သက်ငယ်မုဒိမ်း မဖြစ်ပွားရေးအကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ အကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ချီဖွေမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ကျောင်းဆရာ/မများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၆) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယော်ကိ (ပြန်/ဆက်)