သတင်းများ

ချမ်းမြသာစည်မြို့နယ် စာရေးဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးကျင်းပ
Sep 29,2023
မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ချမ်းမြသာစည်မြို့နယ် စာရေးဆရာအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (နှစ် ဒသမ ရှစ်ပေခန့်) ဆက်လက်ရေကျော်ကျ
Sep 29,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏ အထက်ပိုင်း၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (နှစ်ဒသမ ရှစ်ပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ
Sep 29,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့နယ်တွင်းရှိ အိမ်မွေးခွေး၊များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံဆောင်ရွက်ပေးခဲ့သည်။
ကျိုင်းတုံမြို့၌ အယ်နီညိုကြောင့် ဖြစ်ပေါ်သက်ရောက်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညိုကြောင့် ဖြစ်ပေါ်သက်ရောက်လာနိုင်မှုနှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍမှ ကြိုတင်သိရှိဆောင်ရွက်ထားနိုင်ရန် ရက်သတ္တပတ်အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ယန်းလောကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကျင်းပ
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝရပ်ကွက် မီးသတ်ဦးစီးမှူးရုံးတွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန် ဆောင်ရွက်နိုင်ရန် အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂၃)ကို ဖွင့်ပွဲကို စက်တင်ဘာလ (၄)ရက်နေ့က ဆောင်ရွက်ခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဆောင်ရွက်ခဲ့သည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV)ကာကွယ်‌ဆေးထိုးနှံခြင်း ဆောင်ရွက်
Sep 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မ‌ကျော်သည့် ကျောင်းသူ (၁၇၈) ဦးကို တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျ
Sep 29,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက်အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယခုရက်ပိုင်း မိုးရွာသွန်းမှုများကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့ပြီး ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် တမံရေပိုလွှဲမှ ၄ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံလက်ထောက်အင်ဂျင်နီယာ ဦးစိုးတင့်ထံက သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား တက်ရောက်
Sep 29,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။