သတင်းများ

ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျော့ချ​ရေးကွင်းဆင်းစစ်​ဆေး​ဆောင်ရွက်
Oct 16,2023
မ​ကွေးတိုင်း​ဒေသကြီး၊​ချောက်ခရိုင်၊​ချောက်မြို့မ​စျေး၌သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ ​အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီက ချောက်မြို့မ​စျေးတွင် ပလပ်စတစ်အိတ်ဖြင့်ထု ပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်
နမ့်ခမ်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ပထမနှစ်ဝက်တတ်‌မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆို
Oct 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ပထမနှစ်ဝက်တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာန(Community Center)ခန်းမ၌  သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်
Oct 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုံပါကျင်မြို့လူထုအ‌ခြေပြုဗဟိုဌာန(Community Center)ခန်းမ၌  စာဖတ်ဝိုင်းပြုလုပ်
Oct 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ၀န်ထမ်းများသည် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့်အတွေးအခေါ်ကောင်းများ ရရှိရန် ရည်ရွယ်၍ ဒေါက်တာခင်စန်းမော်ရေးသားသည့် ဆိတ်မွေးမြူရေးအကြောင်း စာအုပ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုံပါကျင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်သည်။
နတ်မောက်မြို့တွင် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်းဖြင့် ဘဲဉများရောင်းချရသောကြောင့် မိသားစုအပိုဝင်ငွေများ ရရှိ
Oct 16,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ဝက်၊ ကြက်၊ နွား၊ ဆိတ်များကို စီးပွားဖြစ် မွေးမြူသည့်အပြင် တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်းကြောင့် ဘဲဉများ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း မြို့မကွက်သစ်ရပ်ကွက်နေ ဘဲမွေးမြူသူဉီးကုလားလေးထံမှ သိရသည်။
မိုးကောင်းမြို့ နန့်လှိုင်ကျေးရွာ၌ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား
Oct 16,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ နန့်လှိုင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ မွမ်းမံစက်ချုပ်နည်း ပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီတွင် ကျင်းပသည်။
လွိုင်လင်မြို့တွင် တည်ထားကိုးကွယ်သည့် အနန္တဇိနလောကချမ်းသာစေတီတော်ကြီး ထီးတော်တင်လှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းဝေး ပြုလုပ်
Oct 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ ထူပါရုံတောရကျောင်းတိုက်၊ အောင်တော်မူကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် အနန္တဇိနလောကချမ်းသာစေတီတော်ကြီး တည်ဆောက်ပြီးစီး၍ ထီးတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက ထူပါရုံကျောင်းတိုက် ဓမ္မာရုံတွင် ပြုလုပ်ပါသည်။
ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်းကောင်းမွန်ရေး ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်နေ
Oct 16,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရပြီး ယခုအခါ ဒေသခံတောင်သူများက မိုးစပါးစိုက်ခင်းများကို သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် ပေါင်းနုတ်ခြင်း ၊ မြေဩဇာကျွေးခြင်း ၊ မျိုးကွဲပယ်ခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။