ကျိုက်ထို စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့နယ်တွင်းရှိ အိမ်မွေးခွေး၊များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်း မဆောင်ရွက်မီ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကိုက ဆေးထိုးနှံမည့် ခွေးများ၏ ပိုင်ရှင်များအား ခွေးရူးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ရောဂါကူးစက်သည့်နည်းလမ်းများ၊ ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းဆိုင်ရာများအား အသိပညာပေးဟောပြောပြီး အိမ်မွေးခွေး (၂၀)ကောင်အား အခမဲ့ခွေးရူး ရောဂါကာကွယ်ဆေးများ ထိုးနှံပေးကာ ဆေးထိုးမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက် )