မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HPV)ကာကွယ်‌ဆေးထိုးနှံခြင်း ဆောင်ရွက်

မိုင်းလုံ စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မ‌ကျော်သည့် ကျောင်းသူ (၁၇၈) ဦးကို တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံကြမည့် အသက် (၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူများကို တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာ‌‌ရေးစစ်‌ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ပေးပြီးမှ (HPV)ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မိုင်းလုံမြို့ရှိ အခြေခံပညာအထက်တန်း ကျောင်း(၁)ကျောင်း ၊ အ.လ.ကခွဲ ကျောင်း(၂)ကျောင်းနှင့် အ.မ.က ကျောင်း(၄)ကျောင်း တို့မှကျောင်းသူ (၁၇၈)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခဲ့ကြောင်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်၏ ပြောကြားချက်အရ သိရသည်။

ဇော်ဇော်(ပြန်/ဆက်)