မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (နှစ် ဒသမ ရှစ်ပေခန့်) ဆက်လက်ရေကျော်ကျ

မြို့သစ် စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏ အထက်ပိုင်း၌  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ  (နှစ်ဒသမ ရှစ်ပေခန့်)  ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီးလက်ရှိ ရေမှတ်မှာ( ၅၆၃ ဒသမ ၃၀) ပေရှိသည့်အတွက်(နှစ် ဒသမ ရှစ်ပေခန့်) ရေပိုလွှဲမှဆက်လက် ရေကျော်ကျလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ ဝန်ထမ်းများအား အလှည့်ကျရေကင်းတာဝန်ချထားကာ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)