သတင်းများ

ပြည်ခရိုင်အမျိုးသမီး‌ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 29,2023
ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင် အမျိုးသမီး‌ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
မြိတ်မြို့တွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး
Sep 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်
Sep 29,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မိုးရေချိန် ၄.၅၆ လက်မဖြင့် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းလာပြီး စက်စက်ယိုချောင်းမှ ချောင်းရေလျှံမှုကြောင့် ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Sep 29,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့ မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Sep 29,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်လွှဲ(၁)နာရီအချိန်က မြစ်သားမြို့ မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများသို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့တွင် တရုတ်လမုန့်စားပွဲတော်အတွက် လမုန့်များရောင်းချ
Sep 29,2023
လားရှိုးမြို့တွင် တရုတ်လမုန့်စားပွဲတော်အတွက် တရုတ်လမုန့်များ ရောင်းအားကောင်းနေကြောင်း သိရသည်။ တရုတ်လမုန့်များကို လားရှိုးမြို့တွင် မန်ဆူဈေးနှင့်မြို့မဈေးတို့တွင် အများအပြား ရောင်းချလေ့ရှိကြပြီး လမုန့်တစ်ဗူးလျှင် ၃၀၀၀၀ ကျပ်မှ ၉၈၀၀၀ ကျပ်ထိ ဈေးပေးဝယ်ယူရကြောင်း သိရသည်။
ဂွမြို့နယ်တွင်  မြို့မရပ်ကွက်နေ စားသုံးသူပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေး
Sep 29,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် စားသုံးသူပြည်သူများသို့ ယမန်နေ့ ညနေပိုင်းက မြို့မရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား  စားသုံးဆီများကို လက်လီရောင်းချပေးခဲ့သည်။
ရပ်စောက်မြို့၊ လွယ်ဆင်ကျေးရွာ၌ အယ်လ်နီညိုဖြစ်ပေါ်သက်ရောက်မှုနှင့်ပတ်သက်၍ ပြည်သူလူထုအသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညို ဖြစ်ပေါ်သက်ရောက်မှုနှင့်ပတ်သက်၍ ပြည်သူလူထု အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ဟွှေးကျေးရွာအုပ်စု၊ လွယ်ဆင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။