သတင်းများ

ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Oct 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှိုင်းတာကျေးရွာအုပ်စု၊ အောင်မြေသုခ ဓမ္မာရုံတွင် ယမန်နေ့နံနက် (၁၀)နာရီခန့်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဆင်တာ၊ ကျွဲကူးခရားရိုး၊ လှိုင်းတာ၊ ကတိုက်ကြီးဝိုင်း ကျေးရွာအုပ်စုများရှိ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။
ကြံခင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှု
Oct 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးကဏ္ဍမြင့်မား စေရန်နှင့် မိုးစပါးအထွက်နှုန်းတိုတက်မြင့်မားစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုနှင့်ပတ်သက်၍ တိုက်တွန်း နှိုးဆော်
Oct 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုနှင့်ပတ်သက်၍ မြို့မရပ်ကွက်၌ အသိပညာပေး တိုက်တွန်း နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ပန်းတနော်မြို့၌ ယာဥ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး စစ်ဆေး
Oct 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး အသိပညာပေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်-ပုသိမ်ကားလမ်း မြို့အဝင်အထွက်တွင် ဆောင်ရွက်ခဲ့သည်။
ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၌ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်းအခမ်းအနားကျင်းပ
Oct 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင်ထူးခြားထင်ရှားလှသည့်ထားဝယ်ရိုးရာသပိတ်မျှောပွဲနှင့် ဝင်္ကဘာဓလေ့
Oct 20,2023
သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက်အစည်ကားဆုံး ကျင်းပခဲ့သောပွဲတော်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များအတွက် စိတ်အားထက်သန်စွာဖြင့် ကျင်းပလေ့ရှိသော ရိုးရာပွဲတော်များအနက်တစ်ခုပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး သီတင်းကျွတ်လပြည့်မတိုင်မီ တစ်ရက်၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်ဟူ၍ သုံးရက်တိုင်တိုင် ကျင်းပဆင်နွှဲလေ့ရှိပါသည်။ ၂၀၂၃ ခုနှစ်အတွက် အောက်တိုဘာလ ၂၉ ရက်နေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ပင် ဖြစ်ပါသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မိုးရာသီသီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ကျင်းပ
Oct 20,2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မိုးရာသီသီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နတ်မောက်မြို့ အခြေခံပညာလယ်တန်းကျောင်း (တမာပင်)တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Oct 20,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇာခြည်ငုဝါနှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်းစီမံချက် (၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အောက်တိုဘာ ၁၉ ရက်နေ့ နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်