သတင်းများ

တော်သလင်းလပြည့်နေ့တွင် မုဒုံမြို့ရှိဘုရားစေတီပုထိုးများတွင် ကုသိုလ်ဒါနကောင်းမှုပြုကြသူများဖြင့် စည်ကားများပြား
Sep 29,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့) ယနေ့တွင် ဘုရားစေတီပုထိုးများ၌ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ကုသိုလ်ဒါနကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်။
မိုင်းယောင်းမြို့နယ်တွင် နိုင်ငံ‌ရေးပါတီများ၏ ပါတီဝင်အင်အား ပူးပေါင်းစိစစ်ခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပ
Sep 29,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီးစီမံကိန်းရုံးသို့  ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 29,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် စာငှားဝန်ဆောင်မှုများကို စာကြည့်တိုက်တွင် ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်က မန္တလေးတိုင်းဒေသကြီး စီမံကိန်းရုံးသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ   သွားရောက် ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
အ.ထ.က(သုဝဏ္ဏ)ကျောင်း၌ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ‌ကျောင်းသူများ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁း၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သုဝဏ္ဏ) သီရိသုဝဏ္ဏပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၂၄)ကြိမ်မြောက် ဦးရွှေအောင်ဘုရားကြီး မျက်နှာတော်သစ်ရောင်ခြည်တော်ဖွင့်ခြင်း၊ ဆွမ်းတော်ကြီးကပ်လှူခြင်းနှင့် ဂရုဓမ္မအခါတော်နေ့အကြောင်း ဖတ်ကြားပူဇော်
Sep 29,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျက်သရေဆောင် ဦးရွှေအောင် ဘုရားအား ၂၄ ကြိမ်မြောက် မျက်နှာတော်သစ် ရောင်ခြည်ဖွင့်ခြင်း၊ ဆွမ်းတော်ကြီးကပ်လှူခြင်းနှင့် ဂရုဓမ္မအခါတော်နေ့ ဖတ်ကြားပူဇော်ခြင်းအခမ်းအနားကို လွိုင်မြေရပ်ကွက်ရှိ ဦးရွှေအောင်ဘုရားဓမ္မာရုံနေရာ၌ ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်ဩဝါဒါစရိယ ဝိဇ္ဇာရိယ‌ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် ၊မြို့နယ် သံဃနာယကဥက္ကဋ္ဌ အုဌ်ကျောင်းတိုက်ဆရာတော်၊ ဝါဆိုကျောင်းတိုက်သံဃာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး
Sep 29,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ်(၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၉/၂၀၂၃)ပြုလုပ်
Sep 29,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းများကွင်းဆင်းဆောင်ရွက်
Sep 29,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကကျေးရွာများသို့ အရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။