မြန်အောင် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်က အ.ထ.က (သခွတ်ကွင်း)ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲအခမ်းအနားတွင် အ.ထ.က (သခွတ်ကွင်း)ကျောင်းအုပ်ဆရာကြီး ဦးကိုကိုကြီးက ကျေးဇူးတင်စကားပြောကြားပြီး မြန်အောင်မြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဒေါ်ပြုံးမြင့်ကကျောင်းသား/သူများ ကျောင်းကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းအကြောင်း အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောပွဲပြု လုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်နည်းပြများက ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ ၁၄၀ ဦးနှင့် ဆရာ/ဆရာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)